Sunday, December 23, 2012

Desktop မှာ Shut down icon လေးတင်ကြမယ် (သို့) Computer ကို အချိန်နဲ့ချိန်ထားပြီး ပိတ်မယ်။

Desktop မှာ Shut down icon လေးတင်မယ်ဆိုရင် ပထမ Desktop မှာ Right Click ခေါက်ပါ ပြီးရင် New ကနေ Shortcut ကိုနှိပ်ပါ။ ပြီးရင် Browse ကိုနှိပ်ပါ။ ပြီးရင် C: Drive အောက်က Windows အောက်က System 32 အောက်က Shutdown.exe ကိုရွေးပြီး Ok နှိပ်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ အောက်ကပုံလေးကို ရောက်ရင်






Finish ကိုနှိပ်ပါ။ ခဏလေး မပြီးသေးဘူးနော် အဲ့ဒီ့ Shortcut လေးက အလုပ် လုပ်မှာမဟုတ်သေးဘူး။
ဒီနေရာမှာ တစ်ခါတည်း Computer ကို အချိန်နဲ့ ချိန်ထားပြီး Auto Shutdown ကိုပါ တစ်ခါတည်း ပြောပြသွား ပါ့မယ်။ Desktop ပေါ်မှာ ခုနက လုပ်လိုက်တဲ့ Shutdown shortcut icon လေးပေါ်မှာ Right Click ခေါက်ပြီး
Properties ကိုသွားပါ။ပြီးရင်





Shutdown.exe နောက်မှာ -s -t ထည့်ပြီးရင် သူ့နောက်မှာ ကိုယ်ထားချင်တဲ့ Second  ကိုထည့်ရမှာပါ။
Second နောက်က -f ကတော့ Fast (မြန်မြန်) ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ချက်ခြင်း Shutdown ကျစေချင်ရင်တော့ 0 ထည့်လိုက်ပါ။ ပြီးရင် Ok နှိပ်ပါ။ ကဲ Shutdown icon လုပ်လို့ပြီးဆုံးပါပြီ။
Desktop ပေါ်က Shutdown icon လေးကို Double Click လိုက်ရင် အလုပ်လုပ်ပါလိမ့်မယ်။
Second နဲ့ချိန်ထားပြီး ကိုယ်ပေးထားတဲ့ Second မပြည့်သေးခင် Shutdown မချချင်တော့ရင်
Windows + R ကိုနှိပ်ပြီး shutdown -a ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆို Shutdown ကို Cancel လုပ်လိုက်ပါလိမ့်မယ်။ Shutdown icon လေးရဲ့ ပုံပြောင်းချင်ရင်တော့ Shutdown icon ပေါ် Right Click
နှိပ်ပြီး Change icon ကနေ ပြောင်းလိုက်ရင်ရပါပြီ။ အဆင်ပြေ ကြပါစေခင်ဗျာ။
အဆင်မပြေရင် Chat Box မှာ ပြောထားခဲ့ပါခင်ဗျာ။


FB Like Button လေးကိုတော့ နှိပ်သွားကြပေးပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Friday, December 21, 2012

iTools1107E 2012 ပါ။




iTools 2012 ပါ အရမ်းလန်းပါသည် ။ ဒီနေရာမှာ  ဒေါင်းလိုက်ပါ ။


Thursday, December 20, 2012

Format (သို့) Delete လုပ်လိုက်မိတဲ့ File တွေကိုပြန်ရှာကြမယ်


အခုတင်ပေးတဲ့ Software လေးက တော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် File Extension တွေကို သိဖို့တော့လိုတယ်။ ရှာတဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လည်းလိုတယ်။ သိပ်မစောင့်ချင်ရင် ကိုယ်ရှာချင်တဲ့ File Extension ကိုပဲရွေးပြီး ကိုယ်ဖျက်လိုက်မိတဲ့ Drive ကိုပဲ သေချာညွန်းပြီး ရှာရင်တော့ နည်းနည်းမြန်ပါမယ်။ ဒီနေရာမှာ ဒေါင်းသွားပါ။

Wednesday, December 19, 2012

Android apk file တွေကို Computer မှာ icon လေးတွေပေါ်ချင်ရင်



ဒီ Software လေးက တော်တော်အဆင်ပြေပါတယ်။ Install လုပ်ရတာလည်း လွယ်တယ်။ မြန်လည်းမြန်တယ်။ လိုချင်ရင် ဒီနေရာမှာ ဒေါင်းသွားပါ။
Install လုပ်ပုံကတော့ Install လုပ်မယ့် apk file  ကို Double Click လိုက်ပါ။
ပြီးရင်အောက်မှာပြထားတဲ့ပုံအတိုင်း လုပ်လိုက်ရင် ရပါလိမ့်မယ်။ ဖုန်းရဲ့ Driver ထည့်ထားဖို့တော့လိုတယ်နော်။


အားလုံးကိုကျေးဇူးတင်ပါသည်။ သင်တို့က နည်းပညာတိုးလို့ပျော်ကြသည်။ ကျွန်ုပ်က သင်တို့ရဲ့ Like (သို့) comment လေးတစ်ခုကြောင့်ပျော်ရသည်။