Sunday, December 23, 2012

Desktop မှာ Shut down icon လေးတင်ကြမယ် (သို့) Computer ကို အချိန်နဲ့ချိန်ထားပြီး ပိတ်မယ်။

Desktop မှာ Shut down icon လေးတင်မယ်ဆိုရင် ပထမ Desktop မှာ Right Click ခေါက်ပါ ပြီးရင် New ကနေ Shortcut ကိုနှိပ်ပါ။ ပြီးရင် Browse ကိုနှိပ်ပါ။ ပြီးရင် C: Drive အောက်က Windows အောက်က System 32 အောက်က Shutdown.exe ကိုရွေးပြီး Ok နှိပ်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ အောက်ကပုံလေးကို ရောက်ရင်






Finish ကိုနှိပ်ပါ။ ခဏလေး မပြီးသေးဘူးနော် အဲ့ဒီ့ Shortcut လေးက အလုပ် လုပ်မှာမဟုတ်သေးဘူး။
ဒီနေရာမှာ တစ်ခါတည်း Computer ကို အချိန်နဲ့ ချိန်ထားပြီး Auto Shutdown ကိုပါ တစ်ခါတည်း ပြောပြသွား ပါ့မယ်။ Desktop ပေါ်မှာ ခုနက လုပ်လိုက်တဲ့ Shutdown shortcut icon လေးပေါ်မှာ Right Click ခေါက်ပြီး
Properties ကိုသွားပါ။ပြီးရင်





Shutdown.exe နောက်မှာ -s -t ထည့်ပြီးရင် သူ့နောက်မှာ ကိုယ်ထားချင်တဲ့ Second  ကိုထည့်ရမှာပါ။
Second နောက်က -f ကတော့ Fast (မြန်မြန်) ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ချက်ခြင်း Shutdown ကျစေချင်ရင်တော့ 0 ထည့်လိုက်ပါ။ ပြီးရင် Ok နှိပ်ပါ။ ကဲ Shutdown icon လုပ်လို့ပြီးဆုံးပါပြီ။
Desktop ပေါ်က Shutdown icon လေးကို Double Click လိုက်ရင် အလုပ်လုပ်ပါလိမ့်မယ်။
Second နဲ့ချိန်ထားပြီး ကိုယ်ပေးထားတဲ့ Second မပြည့်သေးခင် Shutdown မချချင်တော့ရင်
Windows + R ကိုနှိပ်ပြီး shutdown -a ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆို Shutdown ကို Cancel လုပ်လိုက်ပါလိမ့်မယ်။ Shutdown icon လေးရဲ့ ပုံပြောင်းချင်ရင်တော့ Shutdown icon ပေါ် Right Click
နှိပ်ပြီး Change icon ကနေ ပြောင်းလိုက်ရင်ရပါပြီ။ အဆင်ပြေ ကြပါစေခင်ဗျာ။
အဆင်မပြေရင် Chat Box မှာ ပြောထားခဲ့ပါခင်ဗျာ။


FB Like Button လေးကိုတော့ နှိပ်သွားကြပေးပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

သင်တို့က နည်းပညာတိုးလို့ပျော်ကြသည်။ ကျွန်ုပ်က သင်တို့ရဲ့ Like (သို့) Comment လေးတစ်ခုကြောင့် ပျော်ရသည်။